z
ဒီကနေ့အတွက်တော့ အားလုံးသိကြတဲ့ ကမ္ဘကျော် ရုပ်ရှင်ကား တစ်ကားကို ပြန်လည်ခံစားတင်ဆက်ဖို့ ရွေးချယ်ထားပါတယ် အလွန်လှပတဲ့ကောင်မလေးတစ်ယောက်က ပြဇတ်ရုံမှာ မြင်းဖြူတစ်ကောင်နဲ့ အကဖျော်ဖြေနေတာကိုတွေ့ရမှာ ဖြစ်ပါတယ် ထို့နောက် သူမ၏ကလေးနဲ့ သူမရဲ့ယောကျာ်းဆီသွားပြီ သူ့သမီးလေးကို ကြောက်စိတ်ကို ဖယ်ပစ်လိုက်ပါ ဖော်ကျူနာ လို့ပြောပြီး မြင်းနှင့်ကကွက်တစ်မျိုးကို ကလိုက်တာ အခန့်မသင့်ပဲ မြင်းပေါ်ကချောကျပြီး သေဆုံးသွားပါတယ်။သူမရဲ့ ကလေး lucky ကတော့အဖေဖြစ်သူဂျင်က သူမကို သူ၏အဒေါ်နဲ့အတူ အဖိုးအိမ်မှာ ပေးနေထားပါတယ်။ သူမက သူမအခန်း ပြတင်းပေါက်ကနေ ရှဉ့်ကလေးတစ်ကောင်နဲ့ ကစားနေရင်းသူမရဲ့အဒေါ်ကရောက်လာလို့ ရှဉ့်ကလေး ထွက်ပြေးသွားပါတယ်။အဲတာကြောင့် သူ့အဒေါ်ကို ခန စိတ်ပျက်သွားပါတယ်။သူ့အဒေါ်က သူ့ကို ပြတင်းပေါက်မှာ မထိုင်တဲ့နဲ့ အခန်းထဲ ဝင်လာပြီး စာလာလုပ်လို့ ပြောပါတယ်။ သူကသာမန်ကလေးတွေလို လွတ်လွတ်လပ်လပ် ကစားချင်တာ ပါတီပွဲတွေ သွားချင်တာပေါ့။သူ့အဒေါ်ကသူ့ကို သမီးက ပရက်စ်ကော့ မိသားစုဝင်ဖြစ်နေတော့ သမီးလုပ်ချင်တာကြီးပဲ အမြဲလုပ်နေလို့မရဘူးလို့ ပြန်ပြောပါတယ်။ အဲတာနဲ့ lucky ကသူမအဒေါ်ပြောတဲ့အတိုင်း ပြတင်းပေါက်ကဆင်းလာပြီး သင်္ချာသွာ...