z
ဒီကနေ့အတွက်တော့ အားလုံးသိကြတဲ့ ကမ္ဘကျော် ရုပ်ရှင်ကား တစ်ကားကို ပြန်လည်ခံစားတင်ဆက်ဖို့ ရွေးချယ်ထားပါတယ်
အလွန်လှပတဲ့ကောင်မလေးတစ်ယောက်က ပြဇတ်ရုံမှာ မြင်းဖြူတစ်ကောင်နဲ့ အကဖျော်ဖြေနေတာကိုတွေ့ရမှာ ဖြစ်ပါတယ် ထို့နောက် သူမ၏ကလေးနဲ့ သူမရဲ့ယောကျာ်းဆီသွားပြီ သူ့သမီးလေးကို ကြောက်စိတ်ကို ဖယ်ပစ်လိုက်ပါ ဖော်ကျူနာ လို့ပြောပြီး မြင်းနှင့်ကကွက်တစ်မျိုးကို ကလိုက်တာ အခန့်မသင့်ပဲ မြင်းပေါ်ကချောကျပြီး သေဆုံးသွားပါတယ်။သူမရဲ့ ကလေး lucky ကတော့အဖေဖြစ်သူဂျင်က သူမကို သူ၏အဒေါ်နဲ့အတူ အဖိုးအိမ်မှာ ပေးနေထားပါတယ်။
သူမက သူမအခန်း ပြတင်းပေါက်ကနေ ရှဉ့်ကလေးတစ်ကောင်နဲ့ ကစားနေရင်းသူမရဲ့အဒေါ်ကရောက်လာလို့ ရှဉ့်ကလေး ထွက်ပြေးသွားပါတယ်။အဲတာကြောင့် သူ့အဒေါ်ကို ခန စိတ်ပျက်သွားပါတယ်။သူ့အဒေါ်က သူ့ကို ပြတင်းပေါက်မှာ မထိုင်တဲ့နဲ့ အခန်းထဲ ဝင်လာပြီး စာလာလုပ်လို့ ပြောပါတယ်။ သူကသာမန်ကလေးတွေလို လွတ်လွတ်လပ်လပ် ကစားချင်တာ ပါတီပွဲတွေ သွားချင်တာပေါ့။သူ့အဒေါ်ကသူ့ကို သမီးက ပရက်စ်ကော့ မိသားစုဝင်ဖြစ်နေတော့ သမီးလုပ်ချင်တာကြီးပဲ အမြဲလုပ်နေလို့မရဘူးလို့ ပြန်ပြောပါတယ်။
အဲတာနဲ့ lucky ကသူမအဒေါ်ပြောတဲ့အတိုင်း ပြတင်းပေါက်ကဆင်းလာပြီး သင်္ချာသွားတွက်ရပါတယ်။
သူမသင်္ချာတွက်နေတုန်း သူမရဲ့အဖိုးက သူမရဲ့ အဒေါ်ကို သူ့ဖဲပြားလေးကို အဆင်မပြေလို့ ပြန်တပ်ခိုင်းပါတယ်။ပြီးတော့ သူမအဖိုးနဲ့ အဒေါ်က အိမ်အောက်ကို ဆင်းသွားပါတယ်။သူမရဲ့အဖိုးက သူ့မရဲ့ အဒေါ်ကို တံခါးလော့ချမသွားရင် ကောင်းပါ့မလား ပြောတော့ သူ့အဒေါ်ကဘာမှမပြောပဲ ခေါ်သွားပါတယ်။တံခါးလော့မချသွားဘူးပေါ့။luckyရဲ့အဖိုးနဲ့အဒေါ်ထွက်သွားတာနဲ့ တူမနဲ့တူတူကစားတဲ့ရှဉ့်ကလေးက lucky ဆီ ပြန်လာခဲ့တာပေါ့။ရှဉ့်ကလေးက အခန်းထဲ ပတ်ပြေးနေရင်းကနေ နောက်ဆုံးတော့အခန်းတံခါးဖွင့်ပြီး ရှဉ့်ကလေးရောluckyရောအိမ်ထဲမှာ ပတ်ပြေးနေကြတာပေါ့။ခနကြာတောတော့ ရှဉ့်ကလေးကြိုးကလေးတစ်ခုပေါ် ခုန်တက်သွားပါတယ်။luckyကလည်း ရှဉ့်ကလေးလိုကြိုးပေါ်တက်လိုက်တော့ ကြိုးကပျက်ကျပြီးတော့ အိမ်အောက်ထပ်မှာရှိတဲ့ နေလည်စာတည်ခင်းဧည်ခံပွဲကို ပရမ်းပတာဖြစ်စေခဲ့တာပေါ့။သူမရဲ့အဖိုးက ဧည့်သည်တွေကိုခေါ်ပြီး အိမ်ထဲကိုဝင်လာတော့ ပျက်စီးရှုပ်ပွနေတဲ့ ပုံစံက်ုမြင်ရတော့ အံ့ဩသွားပြီး ရပ်ကြည့်နေတာပေါ့။luckyကကြိုးနဲ့ သူနဲ့ သူကိုယ်သူချည်မိနေပြီး တွဲလောင်းဖြစ်နေခဲ့တာပေါ့။ခနနေတော့ သူ့အဖိုးမျက်နှာပေါ် ရှဉ့်ကြီးပြုတ်ကျလာပါတယ်။အဲ့ဒီကိစ္စ ကလည်း သတင်းစာထဲမှာရောက်ကုန်တာပေါ့။နောက်နေ့ကျတော့ သူမရဲ့အဒေါ်က သတင်းစာဖတ်နေပြီး luckyနဲ့ အတူ ရထားစီးရင်း luckyရဲ့အဖေအိမ်ကို သွားနေကြပါတယ်။တစ်နေရာအရောက်မှာတော့ သူမရဲ့ အဒေါ်က ရထားထဲမှာ ညနေစာ စားမလို့ သူ့ကိုစိတ်မချရလို့ ငြိမ်ငြိမ်နေလို့ပြောပြီးမှာခဲ့ပါသေးတယ်။သူမအဒေါ်ထွက်သွားတာနဲ့ သူမဟာ သူမထိုင်နေတဲ့ ရထားအခန်းထဲမှာရှိတဲ့ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ အရမ်းလှပတဲ့မြင်းကို တွေ့လိုက်တယ်။lucky ကအဲ့ဒီမြင်းကိုအရမ်း သဘောကျသွားခဲ့တယ်။သူမက အဲ့ဒီမြင်းကို အကြည့်မလွှဲပဲ မနေနိုင်တာကြောင့်မြင်းကို အဆက်မပြတ်ကြည့်နေတာပေါ့။ဒါပေမယ့် lucky စီးတဲ့ ရထားအရှိန်က မြင်းသွားနှုန်းထက် ပိုပြီးမြန်နေတာကြောင့် မြင်းက အနောက်ရောက် ရောက်သွားပါတယ်။အဲ့တာနဲ့ သူမက မြင်းကို မြင်ရအောင် မြင်းလိုက်မှီတဲ့ ရထားတွဲတွေကိုသွားပြီး မြင်းကို ထပ်ကြည့်နေပါသေးတယ်။မြင်းကနောက်ထပ် အနောက်ရောက်သွားတော့ သူမကလည်း အနောက်ခန်းကို ထပ်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့ သူမသွားမဲ့ ရထားတွဲနေရာမှာ သူ့အဒေါ်ရှိနေတာကြောင့် ရထားရဲ့ ဘေးက ပြတင်းပေါက်တန်းတွေကို ကိုင်ပြီးရထားတွဲ နောက်တစ်တွဲဆီကို ကူးလာခဲ့ပါတယ်။ရောက်တာနဲ့ သူမက မြင်းကို ဆက်ကြည့်နေခဲ့ပါတယ်။သူမရောက်နေတာက နောက်ဆုံးရထားတွဲဆိုတော့ မြင်းနဲ့ သူလာသလိုလိုနဲ့ပါ။သူမက ခုနက မှန်ပြတင်းပေါက်ကနေ တွယ်ပြီးသွားနေတာကို သူ့အဒေါ်ကတွေ့သွားပြီး သူမကို လိုက်ခေါ်ရပါတော့တယ်။သူမနဲ့မြင်းနဲ့က နီးလာတော့ သူမက မြင်းရဲ့ခေါင်းကို ကိုင်ဖို့ တဖြည်းဖြည်း မင်းနားကို လှမ်းလှမ်းသွားနေတာပေါ့။သွားနေရင်း ရထားက အခန့်မသင့်ပဲ လှုပ်သွားပါတယ်။lucky ပြုတ်ကျခါနီးမှာ လူတစ်ယောက်က သူမကို ပြုတ်မကျအောင် ဆွဲပေးခဲ့လို့ အဆင်ပြေသွားပါတယ်။အဲဒီလူကြီးက သူမကို မြင်းရိုင်းတွေက ဆိုးတယ် အဲကြောင့် သူတို့နဲ့ ဝေးဝေးနေလို့ မှာလိုက်ပါတယ်။အဲ့လူကြီး စကားလည်းဆုံး သူ့အဒေါ်လည်း သူဆီကို စိတ်ပူပူနဲ့ ဂပြာဂယာရောက်လာပါတယ်။သူမရဲ့အဒေါ်က သူမကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ပြောပြီး သူမကို အထဲကို ပြန်ခေါ် သွားပါတယ်။သူမကတော့ မြင်းကို ဆက်မတွေ့ရတော့လို့ ဝမ်းနည်းသွားပါတယ်။နောက်တစ်ပိုင်းမှာတော့ သူမနဲ့ သူမအဒေါ်က
ဟာ သူမအဖေနေတဲ့မြို့ကို ရောက်လာပါပြီ။သူမအဒေါ်ကတော့ သူမကို ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်တဲ့ပုံစံ နဲ့နေဖို့ ပြဿနာ မရှာတတ်တဲ့ပုံနဲ့နေဖို့ မှာနေပါတယ်။ဒါပေမဲ့lucky လေးကတော့ သူအဖေ ဖြစ်သူကိုတွေ့ရမှာမို့လို့ အဖေကသူ့ကို သဘောမကျမှာတို့ ဘာတို့ကို စဉ်းစားပြီး စိုးရိမ်နေပါတယ်။ဒါကို သူမရဲ့ အဒေါ်ကတွေ့တော့ စိတ်မပူပါနဲ့ သမီး သမီးအဖေက သမီးကိုတွေ့ချင်နေပါတယ်လို့ပြောပြီး ဒီနှစ်နွေရာသီက သမီးထင်ထားတာထက် ပိုအချိန်ကုန်မြန်မှာပါလို့ ပြောပြီး ရထားပေါ်က ဆင်းလာကြပါတယ်။သူမရဲ့ အဒေါ်က သူမရဲ့ အဖေကို လိုက်ရှာရမှာမို့လို့ ဒီနေရာမှာငြိမ်ငြိမ်လေး စောင့်နေလို့ မှာထားရပါသေးတယ်။သူမစောင့်နေတဲ့အချိန်မှာ ခုနက သူမကို ကယ်ပေးတဲ့ လူကြီးနဲ့ ထပ်တွေ့ပြန်ပါတယ်။အဲလူကြီးက သူမကို ပြဿနာတွေ ထပ်မရှာနဲ့တော့နော် မင်းသမီးလေးရေ လို့မှာပြီး ထွက်သွားပါတယ်။ခနအကြာ ရထားပေါ်က လူတွေဆင်းပြီး ကုန်တော့ ရထားလည်းထွက်သွားပါတယ်။ ရထားထွက်သွားတော့ lucky လေးက ရထားလမ်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ မြင်းအက ကနေတာကို မြင်သွားပြီး သူမ အဲ့အနားကိုသွားပြီး ကြည့်နေပါတယ်။မြင်းကပြီးထွက်တော့ မြင်းပေါ်က အဒေါ်တစ်ယောက်က သူမကိုသိနေပါတယ် ။ပြီးတော့ သူမလည်း ကျမကို သိတာလား ကျမအဖေကိုရော သိတာလားလို့ ပြန်မေးလိုက်ပြန်ပါတယ်။သူမ အဲ့လိုမေးတော့ မြင်းပေါ်ကအဒေါ်က အကုန်လုံးက သမီးအမေကို သိတာပေါ့လို့ပြောပြီး ပုဝါငယ်လေး တစ်ခုကို ကမ်းပေးကာ သမီးအမေမှာလည်း ဒီလိုပုဝါငယ်လေး တစ်ခု ရှိတယ်လို့ပြောပြီး ထွက်သွားပါတယ်။နောက်ပြီး အဲ့အဒေါ်က သမီးကသမီးအမေနဲ့ သိပ်ကို တူတာပဲလို့ ပြောခဲ့ပါသေးတယ်။ထို့နောက် lucky ကပုံးတစ်ခုပေါ်တက်လိုက်ပြီး မြင်းတွေ တစ်လှည့်ပြီးတစ်လှည့် ကတာကိုကြည့်နေတုန်းမှာပဲ သူမအဒေါ်က ဖော်ကျူနာ အက်စ်ပီရန်က နာဗရို ပရက်စ်ကော့ ဒီကိုလာခဲ့စမ်းဆိုပြီးပြောပါတယ်။သူမကလည်း အန်တီကိုရာ ဒီကိုလာကြည့်အုန်းလို့ ပြောတော့ သူမရဲ့ အဒေါ်က နွားခြံထဲကဖြတ် ခြံစည်းရိုးကို ကျော်ပြီး သူမဆီ လာခဲ့ပါတယ်။ပြီးတာနဲ့ သူမကို လက်တွဲခေါ်ပြီး သူမအဖေအိမ်ကို လျှောက်သွားပါတယ်။လမ်းမှာလမ်းကြုံလိုက်မယ့် မြင်းနဲ့လည်း မမှီလိုက်ပါဘူး။အဲ့တာနဲ့ လမ်းဆက်လျှောက်ရင်း lucky ကသူ့အဒေါ်ကို သူ့အမေအကြောင်း ပြောပြခိုင်းပြီး သူ့အဒေါ်က သူ့အမေအကြောင်းပြောပြရင်း လမ်းလျှောက်လာပါတယ်။ထိုအချိန်မှာ စနပ်စ်ကရောက်လာပြီး သူရဲ့ မြင်းငယ်ငယ်လေးနဲ့ လိုက်ပို့ပေးမယ်ဆိုပြီးအတင်းဆွဲခေါ်ပါတယ်။ဒါပေမဲ့ မြင်းကအရမ်းငယ်သေးတော့ lucky ရဲ့အဒေါ်ကို မတင်နိုင်ဘူးလေ။ဒါကြောင့် lucky ရဲ့အဖေအိမ်က ဒီအရှေ့မှာပဲလို့ လမ်းညွှန်ပြပြီးငွေတစ်ပြားတောင်းပါတယ်။luckyရဲ့အဒေါ် ငွေတစ်ပြားပေးပြီးတာနဲ့ တစ်ပြိုင်နက် စနပ်စ်ရဲ့ အစ်မဖြစ်သူက မြင်းစီးလာပြီး စနပ်စ်ကို ကြိုးနဲ့ချည်နှောင်ကာ စနပ်စ်မတရား ယူထားတဲ့ငွေတစ်ပြားကို luckyရဲ့အဒေါ်ကိုပြန်ပေးလိုက်ပါတယ်။ထို့နောက် စနပ်စ်ရဲ့ အစ်မက lucky ကိုမြင်ပြီး နင်က luckyပရက်စ်ကော့ ဖြစ်မယ်။နင်ရဲ့ ဆံပင်နဲ့ ဝတ်စုံကို သဘောကျတယ်။နင်ရဲ့ ချစ်စရာကောင်းတဲ့ဖိနပ်ကို ငါစမ်းဝတ်လို့ရလားပြောပြီး သူမနာမည်က အဘီဂေးလဲ ဖြစ်ကြောင်းနဲ့ သူမရဲ့ မြင်းနာမည်က ဘွန်မာရပ်ဖြစ်ကြောင်း မိတ်ဆက်ပြီး သူမအလုပ်ရှိသေးလို့ ထွက်သွားပါတယ်။ထို့ကြောင့်luckyနဲ့ သူမအဒေါ်က သူမအဖေအိမ်ကို ရောက်သွားပါတယ်။lucky က သူ့ဖေအိမ်ရှေ့က ဒါန်းပေါ်မှာထိုင်လိုက်ပါတယ်။သူမအဒေါ်ကတော့ lucky ရဲ့အဖေကို လိုက်ရှာနေပါတယ်။ခဏအကြာမှာတော့ luckyရဲ့အဖေဖြစ်သူက ဂိုဒေါင်ထဲကနေထွက်လာပါတယ်။luckyရဲ့အဖေကလည်း luckyကို သူရဲ့အိမ်နေရာတွေကို လိုက်ပြပေးတာပေါ့။lucky ရဲ့အဖေက lucky အတွက်အခန်းကို စတော်ဘယ်ရီတွေနဲ့သေသေချာချာ ပြင်ဆင်ထားပါတယ်။ထို့နောက်lucky ကပုဝါစတစ်ခုကို ထုတ်ကိုင်ကာ သူမအဖေကတွေ့တော့ အဲ့တာကို ဘယ်ကရလာတာလဲသမီးလို့မေးပါတယ်။lucky ကလည်း ပွဲတော်က အမျိုးသမီးပေးလိုက်တာ နောက်ပြီး အမျိုးသမီးက သမီးကို သမီးအမေနဲ့ အရမ်း တူတာပဲလို့ပြောတယ် သူမအဖေကိုပြန်ပြောတော့ သူမရဲ့အဖေက တစ်ချက် ငြိမ်သက်သွားပါတယ်။လှေကားကနေ ဆင်းဖို့ထိရောက်ပြီးမှ သူ့သမီးဖြစ်သူluckyကို အင်းပါ သမီးတစ်ကယ်ကို သမီးအမေနဲ့တူပါတယ်လို့ ပြောပြီး အောက်ထပ်ကို ဆင်းသွားပါတယ်။luckyက သူမအဝတ်တွေကို ဗီရိုထဲ ထည့်ဖို့ပြင်ဆင်နေတုန်း ဗီရိုထဲက အပေါက်ကို တွေ့တော့ ချောင်းကြည့်လိုက်တာ ဗီရိုရဲ့အနောက်မှာ အခန်းတစ်ခုရှိနေတာကို အခန်းကို ဗီရိုဖယ် ကြည့်လိုက်တော့ သူမရဲ့ အမေပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။သူမက အတော်အကြာ သူမရဲ့ ပစ္စည်းတွေကို လိုက်ကြည့်နေတာပေါ့။ပြီးတော့ luckyကအပြင်ကို လျှောက်ကြည့်ဦးမယ်ပြောပြီးထွက်လာပါတယ်။သူမလမ်းလျှောက်လာရင်းမြင်းခြံအရှေ့တစ်ခုကို ရောက်လာပါတယ်။အဲ့တာက အခြားမဟုတ်ပဲ ဖရုပရန်ဂျာရဲ့မြင်းခြံဖြစ်နေတာပါ။luckyနဲ့ ဖရုပရန်ဂျာ မိတ်ဆက်နေရင်း ခနအကြာဂိုထောင်ထဲက မြင်းရိုင်းကြီး ထွက်လာပါတယ်။မြင်းရိုင်းကြီးကို အရမ်းနှိပ်စက်သလိုဖြစ်နေတာ မြင်တွေ့ပြီး ဖရုဂရန်ဂျာက သူမရဲ့အဖေကို သွားခေါ်ပါတယ်။သူမရဲ့အဖေ ရောက်လာပြီး ငါ့ခြံထဲမှာတော့ မြင်းကို လေးလေးစားစား ဆက်ဆံတယ်ကွ မကြိုက်ရင်ရင် လစ်လို့ပြောတော့ မြင်းရိုင်းကြီးကို ထိန်းနေတဲ့လူက ကျွန်တော်လည်းဒီလိုမဖြစ်စေချင်ပါဘူး မြင်းက သန်လွန်းနေတာလို့ ပြန်ပြောပြီး မြင်းကိုတိုင်မှာချည်ပြီး ထွက်သွားပါတယ်။အဲ့တာကို lucky ကမြင်းနားကိုကပ်သွားပြီး ငါ့ကို မှတ်မိလား ငါ့ကို ရထားပေါ်မှာတုန်းက တွေ့ဖူးတယ်လေလို့ပြောရင်း ကြိုးချည်ထားတာကိုလွှတ်ပေးလိုက်ပါတယ်။lucky ကမြင်းနဲ့ရင်းနှီးချင်တာကြောင့်ဖြစ်ပါတယ်။ညစာစားချိန်ရောက်တော့ သူမရဲ့ အဖေကို သူငယ်ချင်းရလာတယ် သူ့နာမည်က စပရစ်လို့ပြောပြလိုက်ပါတယ်။အဲ့တာကိုကြားတော့ သူမရဲ့ အဒေါ်ဖြစ်သူက သမီးက ရထားပေါ်မှာ တွေ့ခဲ့တဲ့ မြင်းရိုင်းကြီးကို ပြောနေတာလားလို့ ပြောတော့ lucky ရဲ့အဖေက အဲ့ခြံထဲကမြင်းကို မဖြစ်ဘူး သမီး အဲ့ဒီမြင်းအနားကို ဘယ်တော့မှ
ထပ်မသွားရဘူးလို့ ပြောတော့ lucky ကလဲ ဘာလို့လဲလို့ ပြန်ပြောရင်း အငြင်းအခုံတွေ ဖြစ်နေရင်း lucky က ဗိုက်ပြည့်ပြီးဆိုပြီး သူမအခန်းထဲကို ပြန်သွားပါတယ်။luckyရဲ့ အဒေါ်ကတော့ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တာပေါ့။နောက်နေ့မနက်ရောက်တော့လဲ lucky မှာထမင်းမစားပဲ အပြင်သွားဖို့ လုပ်တာကြောင့် တောက်တိုမယ်ရလေးတွေ ဝယ်ခဲ့လို့ပြောတော့ lucky ကကောင်းပြီးဆိုပြီး ဆေးဆိုင်ဘက်ကို သွားပြီး အားလူး ဝယ်လာပါတယ်။အပြန်မှာ မြင်းလေးကို ကြိုးချည်ထားတာတွေ့တော့ သူမက ကြိုးကို ေြဖပေးလိုက်ပြီး မြင်းကို ကြည့်ရင်း မင်းဗိုက်ဆာနေတာမလားလို့ပြောပြီး သူဝယ်လာတဲ့ အာလူးကို ကျွေးပါတယ်။ဒါပေမဲ့ မြင်းကမစားပါဘူး။ထိုအချိန်မှာ အဘီဂေးလ်က ရောက်လာပါတယ်။မြင်းကို အာလူးကျွေးနေတာလား မြင်းတွေကဇီဇာ ကြောင်တယ် အာလူးကျွေးမဲ့ အစား ပန်းသီးကို ကျွေးကြည့်ပါလားလို့ပြောပြီး အဘီဂေးလ်က သူမယူလာတဲ့ပန်းသီးကို မြင်းရိုင်းကြီးဆီကို ပစ်ပေးလိုက်ပါတယ်။ထို့နောက်lucky ကပန်းသီးများစွာ ခူးပြီး မြင်းကို ပစ်ကျွေးပါတော့တယ်။၂ရက်၃ရက်ဆက်တိုက်ကျွေးပါတယ်။တစ်နေ့ကျတော့ မြင်းနဲ့ သူမနဲ့က ရင်းနှီးသွားပါတယ်။ရင်းနှီးပြီး နောက်နေ့ကျတော့ သူမက မြင်းစီးဖို့ လုပ်ပါတယ်။မြင်းအနားကိုသွားပြီး မြင်းကိုတက်ဖို့လေ့ကျင့်ရင်း မြင်းစီးလို့ ရခါနီးမှာ စနပ်ကရောက်လာတော့ မြင်းကလန့်ပြီး ခုန်သွားပါတယ် ။အဲတာကြောင့် စနပ်ကမြင်းစီးရလွယ်အောင် အကြံပေးပါတယ်။အဲ့တာကတော့ မြင်းကို ကောက်ရိုး စားထားကာ မြင်းပေါ်ကို မြင်းမသိအောင် ခုန်တက်ရမှာပါ။အဲ့တာ lucky ကမြင်းပေါ်ခုန်တက်နေတုန်း စနပ်စ်က ခြံစည်းရိုးတံခါးဖွင့်လိုက်တာကြောင့် မြင်းကအပြင်ကို ပြေးထွက်သွားပါတယ်။lucky ကမြင်းစီးသွားတာကို lucky သူငယ်ချင်းတွေက တွေ့ပါတယ်။တစ်ယောက်က သူမကို မြင်းစီးရတာ ဂုဏ်ယူပေးနေတာပေါ့။တစ်ယောက်ကတော့ အဲတာ ပျော်စရာ မဟုတ်ဘူးလို့ပြောပြီး luckyကမြင်းပေါ်ကနေ ငါမြင်းကို ဘယ်လိုလုပ်ရမလဲ ပြောပြီး မြင်းသွားတဲ့ဘက်ကို ပါသွားပါတယ် ။luckyသူငယ်ချင်းနှစ်ယောက်ကလည်း lucky နောက်ကိုလိုက်သွားပါတယ်။lucky ရဲ့မြင်းက ချောက်ကမ်းပါးထဲကို သွားနေတာပေါ့။အဲတာကြောင့်lucky သူငယ်ချင်းနှစ်ယောက်က luckyကို လိုက်ခေါ်ရပါတော့တယ်။အဲအချိန်မှာ စနပ်စ်ကလည်း ဖရုဂန်ဂျာရဲ့ အဖေနဲ့ luckyရဲ့အဖေဖြစ်သူဆီသွားပြီး အကြောင်းစုံ ပြောပြလိုက်ပါတယ်။ဖရုဂန်ဂျာရဲ့အဖေနဲ့luckyရဲ့အဖေကလည်း သတင်းကြားပြီးတာနဲ့ သူတို့နောက်ကို ချက်ချင်းလိုက်သွားပါတော့တယ်။luckyစီးထားတဲ့မြင်းရိုင်းက ချောက်ဘက်ကို သွားနေပါတယ်။luckyရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း သူမစီးထားတဲ့ မြင်းရိုင်းနောက်ကိုလိုက်ပြီး luckyကို ပြန်ခေါ်ရပါတော့တယ်။ထိုအချိန်မှာ lucky စီးထားတဲ့မြင်းက တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်တုန်းကြီးကို လှမ်းခုန်တော့မှာမို့ luckyသူငယ်ချင်းနှစ်ယောက်ကအမြန် lucky နောက်ကို အရှိန်တိုးပြီးသွားခေါ်ရပါတယ်။luckyစီးထားတဲ့မြင်း မခုန်ခင်မှာ luckyက သူမသူငယ်ချင်းတွေဆီကို မြင်းပေါ်ကနေ ခုန်ပြီးသွားနိုင်ခဲ့တာပေါ့။lucky ကသူမရဲ့ သူငယ်ချင်းဖြစ်သူ ဖရုဂန်ဂျာရဲ့ မြင်းပေါ်မှာ တူတူစီးပြီး အိမ်ပြန်ခါနီးမှာ သူမရဲ့အဖေနဲ့ ဖရုဂန်ဂျာရဲ့ အဖေက ရောက်လာပါတယ်။luckyရဲ့အဖေက သူမကို အရမ်းတွေ စိတ်ပူနေပြီးသမီးကို မြင်းရှိတဲ့ ဘယ်နေရာမှာမှ မရှိသင့်ဘူးလို့ပြောပြီး အိမ်ပြန်ခေါ်သွားပါတယ်။အိမ်ပြန်ရောက်တာနဲ့ lucky ရဲ့အဖြေသူက luckyကို ဆူပူပြီး သမီးကို ဘေးကင်းစိတ်ချရတဲ့အဖိုးဆီပဲ ပြန်ပို့ပေးမယ်လို့ပြောပြီး အချေအတင် စကားများကြပါတယ်။lucky ကသူမအဖေဖြစ်သူနဲ့ စကားများပြီးတဲ့ ညမှာပဲ သူမရဲ့အဖေခူးထားတဲ့ ပန်းသီးတွေကို ယူပြီး မြင်းရိုင်းကြီး သွားဝါးတဲ့ တောဘက်ကို ညတွင်းကြီးသွားပြီး မြင်းရိုင်းကို လိုက်ရှာပါတော့တယ်။ အချိန်အတော်ကြာ လိုက်ရှာပြီးတော့ မြင်းရိုင်းကြီးကို တွေ့ပါတော့တယ် ။သူမကလည်ူ မြင်းကို သူမယူလာတဲ့ပန်းသီးကို ကျွေးလိုက်ပါတော့တယ်။ခဏကြာတော့ မြင်းရိုင်းကြီးရဲ့ မိသားစုတွေက ရောက်လာပါတယ်။မြင်းအုပ်ကြီးရောက်လာတာပေါ့။အဲတာကြောင့်လည်း သူမက မြင်းများကို ပန်းသီးတစ်လုံးဆီ ပစ်ပေးပြီးကျွေးလိုက်ပါတယ်။ကျွေးလိုက်တဲ့အပြီး မြင်းရိုင်းဖမ်းတဲ့ လူဆိုးတွေရောက်လာပြီး မြင်းတွေကို ဖမ်းပါတော့တယ်။မြင်းရိုင်းကြီးလဲ သူရဲ့မိသားစုကို လိုက်ကယ်ခဲ့ပေမဲ့ မအောင်မြင်ပဲ မြင်းအားလုံးဖမ်းတဲ့အထဲပါသွားပြီး luckyရဲ့မြင်းရိုင်းလေး စပီရစ်ပဲ ကျန်ရစ်ခဲ့ပါတယ်။စပီရစ်ကလည်း မြင်းတွေအကုန်ပါသွားတော့ စိတ်လှုပ်ရှားပြီး ရထားနောက်ကိုပြေးလိုက်သွားပါတယ်။lucky က စပီရစ်ကိုခေါ်နေပေမယ့်လည်း စပိရစ်က မလာတာကြောင့် luckyကတစ်နေရာသွားပြီး နားနေတဲ့အချိန်မှာတော့ မြင်းရိုင်းစပီရစ်က ကပြာကယာရောက်လာပါတယ်။သူမကလည်း သူမရဲ့မြင်းကို စိတ်ငြိမ်အောင်ထိန်းပြီး မြင်းအုပ်ကြီးကိုကယ်တာ ငါတို့ကြီးပဲလုပ်မရဘူးလို့ ပြောတာကို မြင်းက နားလည်ပုံရပြီး luckyကို သူကိုယ်ပေါ်စီးဖို့ ခွင့်ပြုလိုက်ပါတယ်။ဒါနဲ့ သူတို့နှစ်ဦးဟာ luckyရဲ့ သူငယ်ချင်းနှစ်ယောက်ကို အကူအညီလိုကြောင်းသွားပြောပြီးတော့ သူမရဲ့သူငယ်ချင်းနှစ်ယောက်ကလည်း အစက အန္တရယ်များလို့ မကူညီချင်ပေမယ့်လည်း နောက်ဆုံးမှာ မြင်းအုပ်ကို ကယ်ဖို့ ဆုံး ဖြတ်ပြီး luckyနဲ့ တူတူထွက်လာပါတယ်။ သူတို့ကမြင်းအုပ်ကိုကယ်ဖို့ အန္တရယ်များတဲ့ ဟတ်တောင်ကိုဖြတ်ပြီး သွားရမှာမို့ အသေအချာ အစီအစဉ်ဆွဲပြီး ထွက်လာကြပါတယ်။သူတို့၃ဦးဟာ ကိုယ်ပိုင်မြင်းကိုယ်ဆီနဲ့ လမ်းအများအပြားကို ကျော်ဖြတ်လာပြီးတဲ့နောက်မှာ ဟတ်တောင်ကို ရောက်လာပါတယ်။lucky ရဲ့သူငယ်ချင်းတွေက လက်လျော့ဖို့လုပ်ခါနီးမှာ luckyရဲ့မြင်းက ဟတ်တောင်ကို ခုန်ဆင်းပြီး သွားဖို့လုပ်ပါတယ်။အဲ့တာကြောင့် luckyကစိတ်အေးအေးထားပြီး သူမရဲ့ မြင်းစပီရစ်ကို ယုံကြည်ပြီး ဟတ်တောင်ပေါ်ကနေ လမ်းလျှောက်ဖြတ်လာပါတယ်။အဲ့တာကို သူ့သူငယ်ချင်းတွေကမြင်တော့ သူမလိုပဲ စိတ်ကို ငြိမ်ငြိမ်ထားပြီး လိုက်လာပါတယ်။နောက်ဆုံးမှာတော့ သူတို့၃ဦးဟာ ဟတ်တောင်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ဟတ်တောင်ဖြတ်ပြီး တစ်ဖက်မှာ ရထားရေဖြည့်တဲ့နေရာတွေ့တာကြောင့် သူတို့အလွန်ပျော်သွားကြပါတယ်။luckyရဲ့ သူငယ်ချင်း ဖရုဂရန်ဂျာက ရထားရေဖြည့်တဲ့နေရာကို ရထားနေ့လည်လာရင် အဝေးကြီးကမြင်နိုင်အောင် ဟိုအထက်ကနေ စခန်းချမယ်လို့ စီစဉ်ပါတော့တယ်။မနက်ဖြန်ကျရင်အန္တရယ်ရှိတဲ့ ဓါးမြတွေနဲ့ တွေ့ရဦးမယ် တို့ဘာတို့ စကားစမည်ပြောရင်း အိပ်လိုက်ကြပါတယ်။မနက်ကျတော့ အန္တရယ်ရှိတဲ့ ဓါးမြတွေကို တိုက်ထုတ်ပြီးလို့ luckyက အိမ်မက်မက်ပါတယ်။luckyနဲ့ သူမသူငယ်ချင်းတွေ နိုးလာတော့ ရထားက ရေဖြည့်ပြီးခါနီးဖြစ်နေပါပြီ။lucky တို့၃ယောကါ ကယ်ဖို့ ကြိုးစားရင်း မအောင်မြင်ပဲ luckyမြင်း စပီရစ် ဖမ်းထိသွားပါတော့တယ်။lucklyကအရမ်းကြေကွဲသွားပြီး စိတ်ဓါတ်ကျနေတဲ့အချိန် မှာ သူမနဲ့ သူမသူငယ်ချင်းတွေက သူမကိုနှစ်သိမ့်ပေးပြီး စပီရစ်ကို မြင်းအုပ်စုက အဲ့လှေပေါ်မတက်မချင်း အခွင့်အရေးရှိတယ်လို့ပြောပြီး လှေရှိတဲ့နေရာကို သွားကြပါတယ်။တစ်ဖက်မှာလည်းluckyရဲ့ အဖေတို့က ရထားနဲ့ lucky တို့ဆီရောက်လာပါတယ်။ဓါးမြတွေရဲ့ ရထားကရောက်နေပြီး လှေပေါ်ကို မြင်းတွေ တင်နေတာပေါ့။စပီရစ်ဆိုတဲ့မြင်းပဲ ကျန်ပါတော့တယ်။ထိုအချိန်မှာluckyက သူငယ်ချင်းတွေရဲ့ မြင်းပေါ်ကနေ စပီရစ်ရှိတဲ့ ရထားခန်းထဲကို ဝင်သွားပါတော့တယ်။luckyက သူမရဲ့မြင်းကို စီးပြီးထွက်လာပါတယ်။စပရစ်ပဲ ကျန်ခဲ့ပြီး မြင်းအားလုံးက လှေပေါ်ရောက်သွားပါတယ်။luckyနဲ့သူမရဲ့မြင်းက သင်္ဘောအထဲကို ဝင်ဖို့ အတွက် အပေါ်ကိုတက်ပြီး ရထားလမ်းအပေါ်က တံတားပေါ်ကနေ သင်္ဘောထဲကို ခုန်ဝင်သွားပါတယ်။ထိုအချိန်မှာluckyရဲ့အဖေတို့ကရောက်လာကာ စိတ်တွေပူပန်နေကြပါတော့တယ်။luckyကတော့ သင်္ဘောထဲကို အဆင်ပြေစွာနဲ့ရောက်ရှိသွားပါတယ်။luckyရဲ့ သူငယ်ချင်းနဲ့ သူမရဲ့အဖေက စိတ်နည်းနည်းပေါ့သွားပါတော့တယ်။luckyရဲ့အဖေနဲ့အဒေါ်ကလည်း သင်္ဘောနောက်ကိုလှေမောင်းပြီး လိုက်လာပါတော့တယ်။စပရစ်က ဓါးမြတွေနဲ့ ရင်ဆိုင်နေရပြီး luckyကတော့ မြင်းအုပ်ကြီးဆီကို သွားကယ်ပါတယ်။ထို့အချိန် လူဆိုးတစ်ယောက်ကရောက်လာပြီး luckyကိုတိုက်ဖို့ လုပ်ပေမဲ့ မြင်းကစောင့်ကန်လိုက်တာကြောင့် မေ့သွားပါတယ်။luckyကမြင်းအုပ်ကြီးကို လွှတ်ပြီး စပရစ်ဆီကိုသွားပြီး စပရစ်ကို ဒုက္ခပေးနေတဲ့လူဆိုးကို မြင်းစီးပြီးသင်္ဘောပေါ်ကနေကန်ချလိုက်ပါတယ်။ထို့နောက်စပရစ်ခေါင်းဆောင်ပြီး မြင်းအုပ်ကြီးကလည်း ရေထဲခုန်ဆင်းပြီး ကုန်ပေါ်တက်ကြရပါတယ်။luckyနဲ့ သူမရဲ့အဖေလည်းအပြန်အလှန် နားလည်သွားကြပြီး အဆင်ပြေသွားကြပါတယ်။luckyတို့သူငယ်ချင်း၃ယောက်ကလည်း မြင်းအုပ်ကြီးကို တောအုပ်ထဲ ပြန်လိုက်ပို့ကြပါတယ်။luckyရဲ့မြင်း စပီရစ်က luckyကို သူနဲ့အတူ တောထဲကို လိုက်ဖို့ ခေါ်တာပေါ့။ ဒါပေမဲ့luckyက လိုက်လို့မရဘူးလေ ။ထိုအချိန်မှာပဲ luckyနဲ့ သူမမြင်း စပီရစ်က ရင်နာနာနဲ့ လမ်းခွဲလိုက်ရပါတော့တယ်။luckyအိမ်ပြန်ရောက်တော့ အဒေါ်နဲ့အတူ ညကျရင်ပွဲတော်ကြီး တစ်ခုအတွက် ဝတ်စုံရွေးကြပါတယ်။သူမရဲ့ အဒေါ်က သူမကို အင်္ကျီရွေးပေးနေတာပေါ့။နေယက်ဆုံးတော့လည်းluckyက သူမရဲ့အမေ ဂါဝန်ကိုဝတ်ပြီး ပွဲတော်ကိုရောက်လာပါတယ်။သူမနဲ့ သူမရဲ့ အဖေက စကားတွေပြောရင်း luckyကသူမရဲ့ အဖေနဲ့ တူတူနေမယ်ပြောတာကြောင့် သူမရဲ့အဖေက သူမအတွက် စပရိုက် တစ်ခု ပြင်ဆင်ခဲ့ပါတယ်။အဲ့တာကတော့ သူမအမေဆိုတဲ့ သီချင်းကို ပြန်ဆိုပြတာပဲဖြစ်ပါတယ်။သူမရဲ့ သူငယ်ချင်း၂ယောက်ကလည်း ငါတို့ထာဝရသူငယ်ချင်းဖြစ်ကြမယ်။ဒါပေမဲ့ ဒီမှာနေရင် မြင်းတစ်ကောင်တော့ လိုမှာပဲလိုပြောရင်း ဇာတ်လမ်းကပြီးဆုံးသွားပါတယ်။